သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် - မြန်မာ့ ဒီမိုကရေစီ

Image caption ပြည်ခိုင်ဖြိုးပါတီက ဒေါက်တာ စိုးမင်းနဲ့ မြန်မာ့ အရေး ကျွမ်းကျင်သူ ဒေါက်တာ ရန်မျိုးသိမ်း တို့ ပင်တိုင် ဆွေးနွေးခဲ့

လွတ်လပ်အတွေး ဆွေးနွေး ဖလှယ် နားဆင် နိုင်ပါပြီ။

ဒီမိုကရေစီ စနစ်ကို အကောင် အထည် ဖော်တဲ့ အပိုင်းမှာ မြန်မာ နိုင်ငံနဲ့ ဆီလျော်တဲ့ ဒီမိုကရေစီ စနစ်ကိုသာ ကျင့်သုံး သင့်တယ် ဆိုတဲ့ အတွေး အခေါ်ဟာ စစ် အစိုးရ လက်ထက် ကနေ အခု အချိန် အထိ အာဏာ ရသူတွေ စွဲကိုင် လာတဲ့ အတွေး အခေါ် ဖြစ်ပါတယ်။

ဒါဟာ မြန်မာ ပြည်သူတွေ လိုချင်တဲ့ ဒီမိုကရေစီ စနစ်လား၊ အများ ပြည်သူတွေ လိုချင်တဲ့ ဒီမိုကရေစီ က ဘယ်လို စနစ်မျိုး ဘာလဲ။ ဒါတွေကို ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါ တယ်။

၂၀၀၈ အခြေခံ ဥပဒေ ပုဒ်မ ၇ မှာလည်း နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီကို ကျင့်သုံးသည် လို့ အတိ အလင်း ရေးသား ဖေါ်ပြ ထားတာ ဖြစ်ပါတယ်။

ပင်တိုင် ဆွေးနွေး သူတွေ အဖြစ် ၂၀၁၂ ကြားဖြတ် ရွေးကောက် ပွဲမှာ ကော့မှူး မြို့နယ် ကနေ ဝင်ရောက် ယှဉ်ပြိုင် ခဲ့တဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက ဒေါက်တာ စိုးမင်းနဲ့ မြန်မာ့ အရေး ဆောင်းပါးတွေ ရေးသား နေတဲ့… ဒေါက်တာ ရန်မျိုးသိမ်း….. တို့ ပါဝင် ခဲ့ကြတာ ဖြစ်ပါတယ်။

ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။