MobiGeno Htet Moe Nwe Win
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဘီဂျီနို နဲ့ အောက်စဖို့ဒ် ကျောင်းသူ

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီတစ်ပတ်မှာတော့ အောက်စဖို့ဒ်တက္ကသိုလ်နဲ့ အမေရိကန်က တက္ကသိုလ်တစ်ခုမှာ နိုင်ငံရေးပညာ သင်ယူနေတဲ့ ကျောင်းသူတစ်ဦးအကြောင်း တင်ဆက်ပေးထားပါတယ်။

မထက်မိုးနွယ်ဝင်းဟာ အောက်စဖိုဒ်မှာ PPE လို့ခေါ်တဲ့ ဒဿနိက၊ နိုင်ငံရေးနဲ့ စီးပွားရေးဘာသာရပ်ကို လေ့လာတဲ့ အသက် ၂၁ နှစ်အရွယ် ကျောင်းသူတစ်ဦးဖြစ်ပါတယ်။

သူကျောင်းပြီးတဲ့အခါ မြန်မာပြည်မှာ လွှတ်တော်ကိုယ်စားလှယ်လုပ်ဖို့လည်း စိတ်ဝင်စားတယ်လို့ သူက ပြောပါတယ်။

မိုဘီ ဂျီနို

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno)တွေ အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ်လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်းအရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဒါမှမဟုတ် bbcburmese@gmail.com ဆီကို ဆက်သွယ်နိုင်သလို BBC Burmese Facebook ရဲ့ ‘Message’ ဆိုတဲ့ နေရာကနေလည်း ဆက်သွယ်ရေးသားနိုင်ကြပါတယ်။

မိုဘီဂျီနို ထုတ်လွှင့်ချိန်

မိုဘီ ဂျီနို အစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို အပတ်စဥ် စနေနေ့ မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။