iran_and_uk_
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အီရန် ကမ္ဘာ့ရေနံ စျေးကွက်ကို ဝင်လာတော့မလား။

အီရန်ရဲ့ နျူကလီးယား အစီအစဉ်တွေ အတွက် အင်အားကြီး နိုင်ငံတွေနဲ့ သဘောတူညီမှု ရခဲ့ပြီးတဲ့နောက် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြေလည်မှုကို လိုလားတဲ့ အရိပ်အယောင်တွေ အီရန်ဘက်က ပြလာခဲ့ပါတယ်။ အဲဒါကြောင့်လည်း ပြီးခဲ့တဲ့ သတင်းပတ်ကုန်ပိုင်းကပဲ အီရန်သမ္မတနဲ့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးတွေ့ဆုံခဲ့သလို တဟီရန်မှာပါ ဗြိတိသျှ သံရုံးပြန်ဖွင့်ခဲ့ပါပြီ။ ဆိုတော့ အီရန်နဲ့ အနောက်အုပ်စု ဆက်ဆံရေး စာမျက်နှာသစ် ဖွင့်လိုက်ပြီလား။ ရေနံစျေးတွေ ကျနေတဲ့ ကမ္ဘာ့ရေနံ စျေးကွက်မှာရော ရေနံ အင်အားကြီး အီရန် ပြန်ဝင်လာတော့မလား။

ကိုကျော်စွာက ပြောပြမှာပါ။