syria war
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆီးရီးယား ရှေ့တန်းစစ်မြေပြင် အခြေအနေ

တရားမဝင် ရွှေ့ပြောင်းသူတွေ အဆက်မပြတ် ရောက်လာတာကို တားဆီးဖို့ အတွက် ဟန်ဂေရီနိုင်ငံက ဆားဗီးယားနဲ့ နယ်စပ်တလျှောက်မှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်လာတဲ့ လူတိုင်းကို ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့ကို အထူး အာဏာပေးထားတဲ့အတွက် အင်္ဂါနေ့မနက်က ဆီးရီးယားနဲ့ အာဖဂန် အုပ်စုတွေ အပါအဝင် လူ ၆၀ နီးပါး အဖမ်းခံခဲ့ရပါတယ်။

ဆားဗီးယားကနေ ဥရောပကို ဝင်နိုင်တဲ့ အဓိက ရထား လမ်းကူးဂိတ် တခုကိုလည်း ပိတ်ထားပါတယ်။ ရွှေ့ပြောင်းသူ အများစု ထွက်ခွာလာတဲ့ ဆီးရီးယားက တိုက်ပွဲဖြစ်နေရာရှေ့တန်း တနေရာက ဘီဘီစီသတင်းထောက် ဂျရမီဘိုဝမ် ရဲ့ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုမင်းထက် က တင်ဆက်ထားပါတယ်။