firefighters
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကယ်လီဖိုးနီးယား တောမီး ငြှိမ်းရာမှာ အကျဉ်းသားတွေက ဘယ်လို ပါဝင်

ကယ်လီဖိုးနီးယားက အကျဉ်းထောင်တွေမှာ အပြစ်ဒဏ် ကျခံနေရသူတွေ အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် အစီအစဉ် တခုကို ထောင်အာဏာပိုင်တွေက စီစဉ်ထားပါတယ်။ အမှုငယ်လေးတွေနဲ့ ထောင်ဒဏ် ကျခံနေရသူတွေကို မီးသတ်သင်တန်း ပေးပြီး ကယ်လီဖိုးနီးယား တဝိုက်မှာ တောမီးလောင်တဲ့ အခါတွေမှာ တာဝန်ပေးအပ်တာပဲ ဖြစ်ပါတယ်။ အဲဒိလို လုပ်ဆောင်ပေးတဲ့ အတွက် အကျဉ်းသားတွေဟာ လျှော့ရက်အပါအဝင် တခြား ခံစားခွင့်တွေ ရရှိကြပါတယ်။ ဒီအကြောင်း သူတို့ကိုယ်တိုင် ပြန်ပြောပြထားတာကို ဘီဘီစီ သတင်းအဖွဲ့က ပြန်လည် တင်ဆက်ပေးမှာပါ။