russia doping
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တားမြစ်ဆေးသုံးစွဲတယ်ဆိုတာ အခြေအမြစ်မရှိလို့ ရရှားဆို

ရုရှား အားကစားသမားတွေ တားမြစ်ဆေးအသုံးပြုတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ခရမ်မလင်က ပယ်ချလိုက်ပါတယ်။ ရုရှားပြေးခုန်ပစ် အဖွဲ့ချုပ်ဥက္ကဌ နစ်ကီတာ ကာမာယက်ဗ်က အဲဒီ အစီရင်ခံစာထဲက စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးဆိုပြီး ပြောပါတယ်။

ဒါပေမယ့် ကမ္ဘာ့ တားမြစ်ဆေး တိုက်ဖျက်ရေးအဖွဲ့ဘက်ကတော့ ဒီပြဿနာက တော်တော်ကြီးမားနေပါတယ်။ ရုရှား အားကစားသမားတွေတောင်ပြိုင်ပွဲက အပယ်ခံရနိုင်တယ် လို့တောင် ပြောလိုက်ပါတယ်။ ကိုမိုးမြင့်က ပြောပြထားပါတယ်။