nld
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရဖွဲ့နိုင်ပြီ

မြန်မာနိုင်ငံက ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်တွေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ တပါတီထဲနဲ့အစိုးရ ဖွဲ့နိုင်လောက်တဲ့ အနေအထား ကိုရသွားပြီဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကနေ ညနေ ၆ နာရီက ကြေညာ ပေးသွားတဲ့ အနိုင်ရ ကိုယ်စားလှယ်လောင်းတွေ စာရင်းအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွှတ်တော် ၂ ရပ်လုံးမှာ ကိုယ်စားလှယ်လောင်း နေရာ အများစုနဲ့ အသာရခဲ့ပြီဖြစ်ပါတယ်။

လက်ရှိအစိုးရရဲ့ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကို လူထုက မထောက်ခံဘူးဆိုတာ ဒီကနေ့ ဘီဘီစီနဲ့တွေ့ဆုံမေးမြန်းရာမှာ ဝန်ခံသွားခဲ့ပါတယ်။

အခုပုံအတိုင်းဆို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရဖွဲ့နိုင်တော့မယ့်သဘောပါ။ ဆိုတော့ သူတို့ အစိုးရသစ်ရယ်လို့ ဖြစ်လာရင် ဘယ်လို စိန်ခေါ်မှုမျိုးတွေနဲ့ ကြုံတွေ့ရနိုင်ပါသလဲ။

ဘီဘီစီ မြန်မာဌာနမှူး ဒေါ်တင်ထားဆွေကို မေးကြည့်ထားပါတယ်။