paris
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပါရီမှာ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသူတွေအတွက် ဝမ်းနည်းခြင်း ကျင်းပ

ပြင်သစ်နိုင်ငံက ပါရီမြို့တော်မှာ ပြီးခဲ့တဲ့သောကြာနေ့က ဖြစ်ခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့်လူ ၁၂၉ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ပြင်သစ်နိုင်ငံတလွှားမှာ အစ္စလာမ်မစ် စစ်သွေးကြွလို့သံသယ ရှိသူတွေကို ရှာဖွေဖမ်းဆီးမှုတွေလုပ်ခဲ့ရာမှာ လူ ၂၀ ကျော်နဲ့လက်နက်တွေကိုပါဖမ်းဆီးနိုင်ခဲ့ပါတယ်။

တခါဘဲလ်ဂျီယံမှာလည်း စုံစမ်း စစ်ဆေးမှုတွေ လုပ်နေပြီး တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သံသယရှိသူတဦးကို ဖမ်းမိထားတယ်လို့ သတင်းတွေရပေမယ့် အတည်မပြုနိုင်သေးပါဘူး။

ဒီနေ့တော့ ဥရောပတလွှားက မြို့ကြီးတွေမှာ မှာ အဲဒီ သောကြာညက တိုက်ခိုက်ခံခဲ့ရသူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တမိနစ် ငြိမ်သက်ခြင်းတွေကျင်းပခဲ့ကြပါတယ်။