paris
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အကြမ်းဖက်မှု စီစဉ်သူ စီးနင်းမှုအတွင်း သေဆုံး

ပါရီမြို့တော်မှာ ဖြစ်ခဲ့တဲ့အကြမ်းဖက် တိုက်ခိုက်မှုတွေကို ညွှန်ကြားခဲ့သူ အဗ်ဒဲလ် ဟာမိ အာဘာဝုဟာ ဗုဒ္ဓဟူးနေ့က ဆန့်ဒနီးအရပ်မှာပြုလုပ်ခဲ့တဲ့စီးနင်းမှုအတွင်း သေဆုံးခဲ့တယ်လို့ သူ့ရဲ့လက်ဗွေ ရာနဲ့အတည်ပြုနိုင်ခဲ့ပါပြီ။

တချိန်ထဲမှာပဲ ပြင်သစ်ဝန်ကြီးချုပ်က အကြမ်းဖက်အဖွဲ့တွေဟာ ဓာတုလက်နက်တွေနဲ့တိုက်ခိုက်မှုမျိုးတွေလည်း လုပ်လာနိုင်တယ်လို့သတိပေးလိုက်ပြန်ပါတယ်။ ပြင်သစ် ပါလီမန်မှာလည်း အရေးပေါ်အခြေအနေကို ၃ လအထိ သက်တမ်းတိုးဖို့မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။

ဘဲလ်ဂျီယံမှာလည်း အကြမ်းဖက်မှုနဲ့ မသင်္ကာသူတွေရှိမယ့်နေရာတွေကိုရဲဘက်က စီးနင်းမှုတွေလုပ်ခဲ့ကြပါတယ်။

ဥရောပ ရဲတပ်ဖွဲ့ဘက်ကလည်း ဥရောပ တခြားနေရာတွေမှာလည်း အိုင်အက်စ် အဖွဲ့က တိုက်ခိုက်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

တူရကီမှာတော့ ပါရီမြို့တော်တိုက်ခိုက်ခံရမှုကြောင့် မွတ်စလင်တွေနဲ့ဒုက္ခသည်တွေအပေါ် အမုန်းတရားတွေများလာနိုင်တယ်လို့ တူရကီသမ္မတ အာဒိုဝန်က သတိပေးလိုက်ပြီး မွတ်စလင် ခေါင်းဆောင်တွေကဒီတိုက်ခိုက်မှုတွေကို ဆန့်ကျင် ရှုံ့ချကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလောန်းက လာမယ့် ၂ နှစ်အတွင်း ဆီးရီးယားက စစ်ပြေးဒုက္ခသည်၃ သောင်းကို ပြင်သစ်က ဆက်လက် ခေါ်ယူသွားမှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ နောက်ပြီး ပြင်သစ်ပြည်သူတွေကိုအကြောက်တရားက အနိုင်ယူသွားတာမျိုး အဖြစ်မခံကြဖို့ လည်းတိုက်တွန်းလိုက်ပါတယ်။ဦးကိုကိုအောင်က ဆက်ပြောပြမှာပါ။