kunduz
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ခွန်ဒုဇ် ဆေးရုံ တိုက်ခိုက်ခံရတာ လူ့အမှားကြောင့်ဖြစ်

နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ကြီးက အာဖဂန်နစ္စတန် အတွင်းက ခွန်ဒုဇ်မြို့ အနီးမှာ ရှိတဲ့ သူတို့အဖွဲ့ရဲ့ ဆေးရုံကို မှားယွင်း တိုက်ခိုက်ခဲ့ တာနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးချက်တွေအရ အမှားအယွင်းတွေ အများကြီးရှိခဲ့တာကို တွေ့ရကြောင်းပြောပါတယ်။

အမေရိကန်တွေဘက်က လစ်လျူရှုမှုတွေ ရှိသလို စစ်ဥပဒေသ တွေကို ချိုးဖောက်ခဲ့တာ ဖြစ်တယ်လို့လည်းပြောပါတယ်။

အဲဒီ ဆေးရုံကို တိုက်ခိုက်ခံခဲ့ရတုန်းက လူပေါင်း ၃၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။

အာဖဂန်နစ္စတန်ထဲက အမေရိကန် တပ်မှူးကြီးကတော့ ဒါဟာ ရှောင်လွှဲလို့ရနိုင်တဲ့ စက်ချို့ယွင်းမှုတွေနဲ့ လူပေါ့ဆမှုတွေကြောင့် ဖြစ်ခဲ့ရတာလို့ဆိုပါတယ်။

ကိုမိုးမြင့်က ပြောပြမှာပါ။