franc_invalides
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပါရီတိုက်ခိုက်မှုမှာ သေဆုံးခဲ့သူတွေအတွက် အောက်မေ့ဖွယ်တွေ ကျင်းပ

ပြင်သစ်နိုင်ငံက ပါရီမြို့တော်မှာ လွန်ခဲ့တဲ့ သတင်း၂ ပတ်က ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုမှာ သေဆုံးခဲ့ရသူတွေ အတွက် အောက်မေ့ဖွယ်အခမ်းအနားတွေကျင်းပနေပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေမှာ လူပေါင်း ၁၃၀ သေဆုံးခဲ့ရပါတယ်။ အခု အခမ်းအနားကိုတော့ အဲဒီ သေဆုံးခဲ့သူတွေရဲ့ကျန်ရစ်သူ ဆွေမျိုး မိသားစုတွေနဲ့ အတူ လူပေါင်း ၁၀၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

ပြင်သစ် သမ္မတ ဖရန်ဆွာအိုလောန်းကလည်း သေဆုံးသူတွေအတွက် ဂုဏ်ပြု စကားတွေ ပြောကြားခဲ့သလို တိုက်ခိုက်မှုတွေကျူးလွန်ခဲ့တဲ့ အစွန်းရောက်တွေကို ခြေမှုန်းသွားမယ်လို့ ဆိုလိုက်ပါတယ်။

အဲဒီပါရီမြို့ကို တိုက်ခိုက်ခဲ့သူတွေ ထဲမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိ ခံရတဲ့ ခုထက်ထိလည်း လွတ်နေဆဲ ဖြစ်သူကတော့ ဆာလာ အဗ်ဒဲလ်ဆာလမ်ပါ။

သူဘယ်လို လူလည်းဆိုတာကို သူ့သူငယ်ချင်းတဦးက ဘီဘီစီကိုပြောပြခဲ့ပါတယ်။ ပြောတဲ့ သူ့တော့ လျှို့ဝှက်ထားပါတယ်။

သူဘာတွေ ပြောပြသလဲ ဆိုတာကိုတော့ ကိုသိန်းမြတ်က ပြောပြမှာပါ။