tornado_uk_syria_airstrikes
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗြိတိန်က IS ကို လေကြောင်းစစ်ဆင်မှု စပြီ

ဗြိတိသျှ ပါလီမန်က ဆီးရီးယားထဲက အစ္စလာမ်မစ်နိုင်ငံ စစ်သွေးကြွ အဖွဲ့ကို လေကြောင်းစစ်ဆင်ဖို့ ဆုံးဖြတ် ခဲ့တာနဲ့ မရှေးမနှောင်းမှာ ဗြိတိန်က လေကြောင်း တိုက်ခိုက်မှုတွေ စတင်ခဲ့ပါတယ်။

ကာကွယ်ရေး ၀န်ကြီးကတော့ အောင်မြင်မှုရခဲ့တယ်လို့ဆိုပါတယ်။

ဆိုက်ပရပ်စ်မှာရှိတဲ့ လေတပ်စခန်းကနေ ဆီးရီးယားအရှေ့ပိုင်းက အိုမာ ရေနံမြေဆီ သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီ ရေနံမြေဟာ ဆီးရီးယားတွင်းက အကြီးဆုံး ရေနံမြေတခုဖြစ်ပြီး အဲဒီကနေအိုင်အက်စ်တွေအတွက် ဝင်ငွေရနေတာဖြစ်ပါတယ်။

ဒါပေမယ့် ဆီးရီးယား အစိုးရဘက်ကတော့ အနောက်နိုင်ငံတွေရဲ့တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်လောက်ထိရောက်သလဲ ဆိုတဲ့အပေါ်မှာဝေဖန်မှုတွေလည်းရှိနေပါတယ်။

မရီရီအောင်ကပြောပြမှာပါ။