jose mourinho
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မော်ရင်ညိုကို ချယ်ဆီးက ဖြုတ်လိုက်ပြီ

ဂျိုဆေး မော်ရင်ညို ကို ချယ်ဆီး မန်နေရျာ နေရာက ဖယ်ရှားလိုက်ပြီဖြစ်ပါတယ်။ မော်ရင်ညို အနေနဲ့ ချယ်ဆီးကို ဂျွန်လ ၂၀၁၃ခုနှစ်က တကျော့်ပြန် တာဝန်ယူခဲ့ပြီး အခုလို မန်နေဂျာ နေရာကနေ ဖယ်ရှားခံလိုက်ရတာဖြစ်ပါတယ်။

သူဟာ ချယ်ဆီးကို ပြီးခဲ့တဲ့ ရာသီမှာ အမှတ်ပေးချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့ပေမယ့် အခုရာသီမှာ ၁၆ပွဲ ကစားထားရာမှာ ၉ပွဲ ရှုံးခဲ့ရပြီးဖြစ်ပါတယ်။

အဲဒါကြောင့် ချယ်ဆီးဟာလည်း လတ်တလောမှာ တန်းဆင်းဇုံနဲ့ တမှတ်အကွာ နံပါတ် ၁၆နေရာမှာ ရောက်နေပါတယ်။ ၂၀၁၄-၁၅ ရာသီတုန်းကတော့ မော်ရင်ညိုဦးဆောင်မှုနဲ့ ချယ်ဆီးက ၈မှတ် အပြတ်နဲ့ ပရီမီးယားလိဂ် ဖလားရနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ တနင်္လာနေ့ အဝေးကွင်းမှာ လက်စတာကို ၂ဂိုး၁ဂိုးနဲ့ ရှုံးခဲ့ရတဲ့ပွဲကတော့ မော်ရင်ညို အတွက် နောက်ဆုံးပွဲ ဖြစ်သွားခဲ့ပါပြီ။

မော်ရင်ညိုရဲ့ နေရာမှာ ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြ ပက် ဂွာဒီယိုလာ၊ အရင်ချယ်ဆီး ကို ခေတ္တနည်းပြလုပ်ခဲ့ဖူးတဲ့ ဒတ်ချ်မန်နေဂျာ ဂတ်စ် ဟင့်ဒင့်၊ လစ်ဗာပူးလ်နည်းပြဟောင်း ဘရိုငင်ယန် ရောဂျားစ်နဲ့ အရင်တော့တင်ဟမ်အသင်း မန်နေဂျာဟောင်း ဟွမ်ဒေရားမို့စ်တို့ထဲက တဦးဦးအစားထိုးမယ်လို့ ခန့်မှန်းနေကြပါတယ်။