သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေး ဆွေးနွေးဖလှယ်

ဖေ့စ်ဘုတ်မှာ ကိုယ်နဲ့အမြင်မတူသူတွေကို တိုင်တန်းကြလို့ အကောင့်ပိတ်တဲ့ဖြစ်ရပ်တွေ ရှိလာပါတယ်။ ဒီလိုသဘောထားတွေဟာ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို ကန့်သတ်ရာ ရောက်တယ်လို့ ဝေဖန်ထောက်ပြ မှုတွေ ရှိနေပါတယ်။ အခုလို ဒီမိုကရေစီစနစ်ကို ပျိုးထာင်ချိန်မှာ မတူတဲ့အယူအဆတွေကို လက်ခံဖို့ ဘယ်လောက် လိုအပ်တယ်လို့ ထင်ပါသလဲ။ သောတရှင်တို့ရဲ့ အတွေးအမြင် အယူအဆတွေကို ဇန်နဝါရီ ၁၆ ရက် စနေနေ့ညမှာ လွတ်လပ်အတွေးဆွေးနွေပါဝင် ဆွေးနွေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။ မြန်မာနိုင်ငံတွင်းက Myanmar ICT for Development Organization (MIDO)က အမှုဆောင် ဒါရိုက်တာ ဒေါ်ထိုက်ထိုက်အောင် နဲ့ အာရှလူအခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးတို့ ပင်တိုင်ပါဝင်ဆွေးနွေးခဲ့တာကိုနားဆင်နိုင်ပါတယ်။