သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တပ်မတော်ကိုယ်စားလှယ်နဲ့ဘီဘီစီ သီးသန့်မေးမြန်းခန်း

Image caption တခုတည်းသော တပ်မတော်မူကို စွဲကိုင်မယ်

ပထမဆုံး အကြိမ် ကျင်းပ ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာ ခံ မှာ အစိုးရ စစ်တပ် အနေနဲ့ မြန်မာ နိုင်ငံ မှာ တစ်ခုတည်း သော တပ်မတော် ထားရှိ ရမယ် ဆိုတဲ့ မူဝါဒ ကို ကိုင်စွဲပြော ဆို ခဲ့တယ် ဆိုပြီး တပ်မတော် အစုအဖွဲ့ကို ဦးဆောင် လာခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး က ပြောပါတယ်။

ပြည်နယ် အစိုးရ အသီးသီး ရဲ့ အုပ်ချုပ် မှု အောက်မှာ ကိုယ်ဆီ လက်နက်ကိုင် လုံခြုံရေး တပ်တွေ ထားလိုတဲ့ သဘောဆန္ဒ ရှိတဲ့ တိုင်းရင်းသား အဖွဲ့တွေ လည်း ရှိနေတယ် လို့လည်း ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး က ဆိုပါတယ်။

ငါးရက်တာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာ ခံ အပြီးမှာ တပ်မတော် အစုအဖွဲ့ ခေါင်းဆောင်ကို ဘီဘီစီ က သီးသန့် တွေ့ဆုံ မေးမြန်းခဲ့ တာ ပါ။