သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် - မူပိုင်ခွင့်

Image caption ဥပဒေပညာရှင် ဆရာ ဦးအောင်စိုးဦး နဲ့ စာရေး ဆရာ ဆူးငှက်တို့ ပင်တိုင် ဆွေးနွေးပေးခဲ့

နားဆင်နိုင်ပါပြီ။

ဆရာ မြို့မငြိမ်း ရေးသား သီကုံး ခဲ့တဲ့ တူးပို့ ဆိုတဲ့ သီချင်း စာသားကို ဘီယာ ပုလင်းတွေ ပေါ်မှာ သုံးစွဲ ခဲ့တာနဲ့ ပတ်သက်ပြီး မကြာ သေးခင်က အငြင်းပွားမှု တခု ဖြစ်ခဲ့ပါတယ်။

အခုလို intellectual property rights ဆိုတဲ့ ဉာဏ်ပညာ ပစ္စည်း မူပိုင်ခွင့် ဆိုင်ရာ ကိစ္စနဲ့ ပတ်သက်ပြီး၊ မြန်မာ နိုင်ငံမှာ ဘယ်လောက် အထိ အလေး ထားဖို့ လိုအပ်နေ ပါလဲ။ တိကျတဲ့ ဥပဒေ ပြဌာန်း မှုတွေ အရေးယူ ဆောင်ရွက် မှုတွေ မရှိသေး တာဟာ တီထွင် ဖန်တီး သူတွေ အတွက် ဘယ်လို ဆုံးရှုံး မှုတွေ ဖြစ်နေရ ပါလဲ။

စတာတွေကို သောတရှင်တွေ ကိုယ်တိုင် ပါဝင် ဆွေးနွေးခဲ့ တာပါ။

ပင်တိုင် ဆွေးနွေး ပေးခဲ့ သူတွေ ကတော့ သင်္ကြန်မိုး ရုပ်ရှင် ဇတ်ညွှန်းရေး ဆရာလည်း ဖြစ် မူပိုင်ခွင့် ဥပဒေ ပညာရှင် လည်းဖြစ်တဲ့ ဆရာ ဦးအောင်စိုးဦးနဲ့ စာရေးဆရာ ဆူးငှက် တို့ ဖြစ်ကြ ပါတယ်။

ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။