cold asia
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အာရှတလွှား အအေးလွန်ကဲမှုကြောင့် လူ၈၀ကျော်သေဆုံး

ထိုင်ဝမ်မှာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ ဆယ်စုနှစ်အတော်ကြာအတွင်း အပူချိန် အနိမ့်ဆုံး အဆင့်ကိုရောက်ခဲ့တဲ့အတွက် လူ ၈၀ကျော် သေဆုံးခဲ့ရပါတယ်။ သာမာန်ဆို အပူပိုင်းဒေသရာသီဥတုရှိတဲ့ ထိုင်ဝမ်မှာ အခုလို မမျှော်လင့်ပဲ အအေးလွန်ကဲမှုကြောင့် သက်ကြီးရွယ်အိုအများစု သေဆုံးခဲ့ပါတယ်။ အာရှက အေးခဲနေတဲ့ရာသီဥတုအခြေအနေတွေအကြောင်းကို မရီရီအောင်က ပြောပြထားပါတယ်။