သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေး ဆွေးနွေးဖလှယ် - သမ္မတဘယ်သူဖြစ်မလဲ နားဆင်ပါ

ဓာတ်ပုံ မူပိုင် NLD charperson
Image caption အများ ပြည်သူ ကတော့ ဘယ်သူတွေ ဖြစ်လာ မလဲ ဆိုပြီး သိချင် နေကြ ပါပြီ

နားဆင်နိုင်ပါပြီ။

ဘယ်လို လူမျိုးကို မြန်မာ နိုင်ငံ သမ္မတ အဖြစ် မြင်တွေ့ချင် ပါသလဲ။ သောတရှင်တို့ ကိုယ်တိုင် ဆွေးနွေး ခဲ့ကြတာပါ။

လွှတ်တော် အသစ် အတွက် ဥက္ကဌ ဒုဥက္ကဌ နာမည် တွေ ကတော့ ထွက်လာပါပြီ။ အဲဒီ လွှတ်တော်သစ် ကနေ ရွေးချယ် မယ့် သမ္မတလောင်း နာမည်တွေ ကိုတော့ ထုတ်ဖေါ် ကြေညာခြင်း မရှိသေးပါ။

အများ ပြည်သူ ကတော့ ဘယ်သူတွေ ဖြစ်လာ မလဲ ဆိုပြီး သိချင် နေကြ ပါပြီ။ စတာတွေကို ဆွေးနွေးခဲ့ ကြတာပါ။

Image caption ကိုစိုင်းထွန်းအောင်လွင် နဲ့ ဦးနိုင်းနိုင်း တို့ ပင်တိုင် ဆွေးနွေးခဲ့

ပင်တိုင် ပေးခဲ့ သူတွေ ကတော့….အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဗဟို ဦးစီး အဖွဲ့ဝင် တာဝန် ယူခဲ့ ဘူးတဲ့၊ အခုတော့ ညီညွတ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ရဲ့ နာယက ဦးနိုင်းနိုင်း ပါ။

နောက်တဦး ကတော့ the ladies ဂျာနယ် အယ်ဒီတာ သတင်း မီဒီယာ သမား ကိုစိုင်းထွန်းအောင်လွင် တို့ ဖြစ်ကြပါတယ်။

ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။