အဂျီယံပင်လယ်မှာ ဒုက္ခသည်၃၉ဦး ရေနစ်သေဆုံး

Image caption အဂျီယံပင်လယ်ကိုဖြတ်လာတဲ့ ဒုက္ခသည် ၃၉ဦးထက်မနည်းသေဆုံး

အဂျီယံပင်လယ်ကို ဖြတ်ပြီး ဂရိကို ရောက်ဖို့ကြိုးစားခဲ့ကြတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေထဲက အနည်းဆုံး ၃၉ယောက် ရေနစ်သေဆုံးခဲ့တယ်လို့ တူရကီဘက်က လာတဲ့သတင်းမှာဖော်ပြထားပါတယ်။ အဲဒီထဲမှာ ကလေးငယ်အများစုပါဝင်ကြပါတယ်။ လူ၆၀ကို ကယ်တင်နိုင်ခဲ့တယ်လို့ ကမ်းခြေစောင့်တပ်တွေက ဆိုပါတယ်။

သူတို့ဟာ ဥရောပကို လာကြတဲ့ ဒုက္ခသည် ထောင်ချီရှိတဲ့ ဂရိက လက်စဘို့စ် ကျွန်းကို သွားရောက်ကြတာဖြစ် ပါတယ်။

ဒုက္ခသည်တွေရဲ့အော်ဟစ်သံကြောင့် အနားတဝိုက်မှာ နေထိုင်ကြသူတွေ လန့်နိုးခဲ့ကြတယ်လို့သိရပါတယ်။ အဲဒီက လူတယောက်ကိုတော့ လူကုန်ကူးမှုနဲ့ ဖမ်းဆီးမိခဲ့ပေမယ့် အများအားဖြင့် ဒုက္ခသည်တွေထဲမှာ ပါလာတတ်တဲ့သူတွေဟာ ဒုက္ခသည်တွေနဲ့ ဒုစရိုက်ဂိုဏ်းတွေကို ဆက်သွယ်ပေးတဲ့ ကြားပွဲစားတွေဖြစ်ကြတယ်လို့ ဘီဘီစီ တူရကီသတင်းထောက်က ပြောပါတယ်။