သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် - မိဘမဲ့ကလေးတွေ အကြောင်း ဆွေးနွေးမယ်

ဓာတ်ပုံ မူပိုင် AFP
Image caption မိဘမဲ့ ခိုကိုးရာမဲ့ ကလေးတွေရဲ့ ဘ၀ လုံခြုံမှု အတွက် ဘာတွေ လုပ်ဆောင် ပေးဖို့ လိုနေပြီ လဲ

ဖိတ်ခေါ်အပ်ပါတယ်။

ဖေဖေါ်ဝါရီ ၁၃ ဗိုလ်ချုပ်မွေးနေ့ ကလေးများနေ့မှာ ဆွေးနွေးမယ်။

မြန်မာ နိုင်ငံမှာ ခိုကိုးရာမဲ့ မိဘမဲ့ ကလေးတွေကို ခေတ် အဆက်ဆက် အစိုးရပိုင်း က စနစ် တကျ စောင့်ရှောက် မှုတွေ မရှိ ခဲ့တဲ့ အတွက် ဘုန်းကြီး ကျောင်းတွေနဲ့ ပရဟိတ ဂေဟာ တွေကပဲ အဓိက ကယ်တင် ထားရတာ ဖြစ်ပါတယ်။

အခုလို ပွင့်လင်း လာချိန်မှာ အစိုးရ အနေနဲ့ ဒီလို ကလေးတွေရဲ့ ဘ၀ လုံခြုံမှု အတွက် ဘာတွေ လုပ်ဆောင် ပေးဖို့ လိုအပ်နေ ပြီ လို့ ထင်ပါသလဲ။ ပါ၀င် ဆွေးနွေးကြဖို့ ဖိတ်ခေါ်လိုက်ရ ပါတယ်။

ပါဝင် ဆွေးနွေး လိုသူတွေ အနေနဲ့ ဘီဘီစီ မြန်မာပိုင်း ဖေ့စ်ဘွတ် စာမျက်နှာရဲ့ Message Inbox မှာ မိမိနာမည်၊ ဆက်သွယ် ရမယ့် တယ်လီဖုန်း နံပါတ်၊ ခေါ်ဆိုတဲ့ နိုင်ငံ နဲ့ ဆွေးနွေး မယ့် အချက် အကျဉ်းချုပ် တို့ကို ပေးပို့ ဆက် သွယ် နိုင်ပါတယ်။

အီးမေးလ်ကနေ ဆက်သွယ် ချင်ရင်တော့ bbcburmese@gmail.com ကိုဖြစ်စေ၊ burmese@bbc.co.uk ကို ဆက်သွယ်ပြီး စောစောက ပြောခဲ့တဲ့ အချက် အလက်တွေ ပေးပို့ခဲ့ရင် ဘီဘီစီ ကနေ ပြန်လည် ဆက်သွယ် ခေါ်ယူပေးမှာ ဖြစ်ပါတယ်။