သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေး ကမ္ဘာ့အရေး

ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့ ပြည်ထောင်စုနေ့ ၆၉နှစ်ထဲဝင်ရောက်လာပေမယ့် မျက်မှောက်ကာလမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အခိုင်အမာ မတည်ဆောက်နိုင်သေးပါဘူး။ ပြည်သူလူထု ရွေးကောက် တင်မြှောက်လိုက်တဲ့ အင်အယ်လ်ဒီပါတီ ကတော့ ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံကိုသွားဖို့ ၂၁ရာစုပင်လုံညီလာခံမျိုးနဲ့ အကောင်အထည်ဖေါ် မယ်လို့ဆိုပါတယ်။ ဒီလိုအဖြေရှာရင်ကော တိုင်းရင်းသားတွေရဲ့လိုလားချက်နဲ့ကိုက်ညီမလားဆိုတာ ဉီးမောင်မောင်သန်းကဆွေးနွေးထားပါတယ်။