သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် - ၅၉ စ ဆိုင်းငံ့ နိုင်မလား

Image caption ၅၉ စ ပုဒ်မကို ချွင်းချက် အနေနဲ့ ဆိုင်းငံ့ ထားလို့ ရနိုင် တယ်လို့ ဆိုပါတယ်

နားဆင်နိုင်ပါပြီ။

၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အဲလ်ဒီ ပါတီက အပြတ် အသတ် အနိုင်ရခဲ့ ပေမယ့် ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီပုဒ်မ ၅၉ စ လုံးကြောင့် သမ္မတ ဖြစ်ခွင့် မရှိပါ။

ဥပဒေ ပညာရှင် တွေရဲ့ အဆို အရ ကတော့ အခု ၅၉ စ ပုဒ်မကို ချွင်းချက် အနေနဲ့ ဆိုင်းငံ့ ထားလို့ ရနိုင် တယ်လို့ ဆိုပါတယ်။

ဒီတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ အတား အဆီး ဖြစ်နေတဲ့ အခြေခံ ဥပဒေ ပုဒ်မ ၅၉စ ဆိုင်းငံ့ဖို့ ဆောင်ရွက် ကြမယ် ဆိုရင် တပ်မတော် အနေနဲ့ လက်ခံနိုင် မလား။

သောတရှင်တို့ ကိုယ်တိုင် ပါဝင် ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။

ပင်တိုင် ဆွေးနွေး ပေးမယ့် သူတွေ ကတော့ တရား လွှတ်တော် ရှေ့နေ ဦးကိုနီ၊ အမျိုးသား လွှတ်တော် ကိုယ်စားလည်ဟောင်း ဦးဖုန်းမြင့်အောင် တို့ ဖြစ်ကြ ပါတယ်။

ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။