သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် - ကချင်ပြည်နယ် ဘိန်းပြဿနာ

Image caption ဘိန်းခင်းတွေကို ဒေသခံတွေ ကိုယ်တိုင်က ဖျက်နေရ

နားဆင်နိုင်ပါပြီ။

ကချင်ပြည်နယ် တွင်းမှာ ဘိန်းခင်းတွေကို ဒေသခံတွေ ကိုယ်တိုင်က ဖျက်နေရတဲ့ အထိ အခြေ အနေ ဆိုးလာတာက ဘာကြောင့်လဲ။ ဘိန်းခင်း ဖျက်ဖို့ တကယ်တမ်း တာ၀န် ရှိတဲ့ အာဏာပိုင်တွေက လုံခြုံရေး အကြောင်း ပြချက်နဲ့ ဒေသခံတွေကို တားဆီး နေတာက လက်ခံနိုင် စရာ ရှိသလား။

စတာတွေကို သောတရှင်တို့ ကိုယ်တိုင် ဆွေးနွေး ခဲ့ကြ တာပါ။

ပင်တိုင် ဆွေးနွေး ပေးသူတွေ ကတော့ ကချင်ပြည်နယ် ပြည်သူ့ အကျိုးပြု မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ ဥက္ကဌ ဦးတူးရော် နဲ့ ဝိုင်းမော် အန်အဲလ်ဒီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံး တို့ဖြစ်ကြပါတယ်။

ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။