russia_forces
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆီးရီးယားက ရုရှားတပ်တွေ စတင်ရုပ်သိမ်း

ရုရှား သမ္မတ ပူတင်က ဆီးရီးယား တွင်းကသူတို့စစ်ရေးရည်မှန်းချက်တွေ ပြည့်ဝခဲ့ပြီလို့ဆိုခဲ့ပြီးနောက် ရုရှားတပ်တွေကိုလည်း စတင် ရုပ်သိမ်းနေပြီဖြစ်ပါတယ်။

ဒါပေမယ့် လက်ထောက် ကာကွယ်ရေး ဝန်ကြီးကတော့ အကြမ်းဖက်သမား တွေကို လေကြောင်းက တိုက်ခိုက်မှုတွေ ရှိနေဦးမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ အထူးသံတမန်ကတော့ အခုလို ရုရှားရဲ့ လုပ်ဆောင်ချက်ကြောင့် ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အပေါ်မှာ အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာနိုင်မယ်လို့ဆိုလိုက်ပါတယ်။