belgium_blasts
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘရပ်ဆဲလ်စ် မြို့တော်မှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွား

ဘယ်လ်ဂျီယံ နိုင်ငံက ဘရပ်ဆဲလ် မြို့တော်မှာ ဒီနေ့မနက်ပိုင်းက ဗုံးခွဲ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၃၁ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာ ရခဲ့ကြပါတယ်။

ဘရပ်ဆဲလ် နိုင်ငံတကာ လေဆိပ်ရဲ့ ပြည်ပ ထွက်ခွာဆောင်မှာ ပထမဗုံး ပေါက်ကွဲ ခဲ့တာ ဖြစ်ပြီး အဲဒီကနေ လူတွေ ထွက်ပေါက်ရှိရာကို ပြေးလွှားကြစဉ်မှာ ပိုပြီး ပေါက်ကွဲအား ပြင်းထန်တဲ့ ဒုတိယ တလုံး ထပ်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

အာဏာပိုင် တွေကတော့ အသေခံ ဗုံးသမားရဲ့ လက်ချက် ဖြစ်မယ်လို့ ယူဆကြပါတယ်။