china_panama
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တရုတ်ခေါင်းဆောင်တွေနဲ့ ဆွေမျိုးမကင်းသူတွေ ပြည်ပမှာ ရင်းနှီးမြှုပ်နှံမှုတွေရှိ

ပနာမားက ပေါက်ကြား လာတဲ့ အခွန်ရှောင်ရေး ကူညီပေးတဲ့ ဥပဒေ အကျိုးဆောင် မောဆက်ဖွန်ဆီကာရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြား ခဲ့တဲ့နောက် ဒါနဲ့ပတ်သက်လို့ အရေးယူ ဆောင်ရွက်သွားမယ်လို့ ကမ္ဘာတဝှမ်းက အခွန်ရေးရာ အာဏာပိုင်တွေက ပြောလိုက်ပါတယ်။

အဲဒီပေါက်ကြားလာတဲ့ အချက်အလက်တွေအရ ကမ္ဘာ့နိုင်ငံတချို့က အာဏာရှိသူတွေနဲ့ ကြွယ်ဝသူတွေဟာ ရေခြားမြေခြားမှာ ကုမ္ပဏီတွေ ထောင်ထားကြပြီး ကြွယ်ဝမှုတွေကို ဖုံးကွယ်ထားကြတာ ဖြစ်ပါတယ်။

အဲဒီလို လုပ်သူတွေထဲမှာ တရုတ်သမ္မတ ရှီကျင်းပင်း အပါအဝင် ခေါင်းဆောင် တချို့နဲ့ ဆွေမျိုးမကင်းသူ တွေလည်း ပါနေပြန်ပါတယ်။ မမေစန္ဒီက ပြောပြပါလိမ့်မယ်။