syria
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

IS လက်က ပြန်သိမ်းနိုင်ခဲ့တဲ့မြို့ အခြေအနေ

ဆီးရီးယား အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ဂျနီဗာမြို့မှာ ပြန်စတော့မှာပါ။ တချိန်ထဲမှာပဲ အစ္စလာမ်မစ် နိုင်ငံအဖွဲ့နဲ့ တိုက်ပွဲတွေကလည်း ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

မကြာသေးခင် လပိုင်းတွေ အတွင်းက ပါမဲလ်ရာမြို့ အပါအဝင် မြို့တော်တော်များများကို အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ လက်က ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။

မကြာသေးခင်ကပဲ အမေရိကန်ရဲ့ လေကြောင်းပစ်ကူနဲ့ ကာ့ဒ်တပ်ဖွဲ့တွေ ပြန်လည် သိမ်းယူနိုင်ခဲ့တဲ့ ရှဒ်ဒါဒီ မြို့ကို ဘီဘီစီက ဝင်ရောက်ခွင့်ရခဲ့ပါတယ်။

ဆီးရီးယားနဲ့ အီရတ် နယ်စပ်အနီးမှာ ရှိပြီး အိုင်အက်စ် တပ်ဖွဲ့တွေရဲ့ အမာခံစခန်းဖြစ်တဲ့ ရက်ကာမြို့ အနီးမှာရှိပါတယ်။

အဲဒီမြို့ဟာ ရက်ကာအတွက် အဓိက ထောက်ပို့ လမ်းကြောင်းမြို့ တမြို့လည်း ဖြစ်ပါတယ်။ အဲဒီကအခြေအနေတွေကို၊ ကိုမိုးမြင့်က ပြောပြမှာပါ။