libya migrants
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လစ်ဗျားကနေ လာတဲ့ ရွှေ့ပြောင်းသူအရေအတွက် ပိုတိုးလား

ဥရောပကို ရွှေ့ပြောင်းလာတဲ့ ဒုက္ခသည်တွေကို ထိန်းချုပ်ဖို့ သူတို့မှာ အင်အားမရှိဘူးလို့ လစ်ဗျားအစိုးရကပြောပါတယ်။ လစ်ဗျားအနောက်မြောက်ပိုင်းက မစ်စရာတာ မှာဆိုရင် လှေစီးထွက်ပြေးလာတဲ့သူအရေအတွက် တဖြည်းဖြည်းများလာလို့ ကမ်းခြေစောင့်တပ်တွေတောင် မနိုင်မနင်းဖြစ်တဲ့အခြေအနေမှာရှိနေပါတယ်။ ဘီဘီစီသတင်းထောက် အော်လာ ဂဲရင် အဲဒီကနေ ပေးပို့တဲ့သတင်းကို အခြေခံပြီး ဦးကိုကိုအောင်က ပြောပြထားပါတယ်။