ecuador
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ငလျင်ဒဏ်ခံ အီကွေဒါမှာ ကယ်ဆယ်ရေးတွေ အပူတပြင်း ဆောင်ရွက်

အက်ကွေဒေါနိုင်ငံမှာ မြေငလျင်ကြီး လှုပ်ခဲ့ပြီးတဲ့နောက်မှာ ကယ်ဆယ်ရေး အဖွဲ့တွေက အစွမ်းကုန်ကြိုးစား ကယ်ဆယ်နေကြတယ်လို့ အီကွေဒေါ သမ္မတ ရာဖာရဲလ်ကော်ရဲရာက ပြောပါတယ်။

သူကိုယ်တိုင်လည်း ငလျင်ဒဏ် ခံခဲ့ရတဲ့ ဒေသတွေကို သွားရောက်ခဲ့ပါတယ်။အဲဒီမှာ မြေပြိုကျမှုတွေလည်းရှိခဲ့ပါတယ်။ ငလျင်ကြောင့် လူပေါင်း ၂၇၀ ကျော် သေဆုံးခဲ့ရပြီး ၂ ထောင်ကျော်လောက် ဒဏ်ရာရခဲ့ကြပါတယ်။ မမေစန္ဒီကပြောပြမှာပါ။