Burma Constitution
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေး ကမ္ဘာ့အရေး

ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့နှစ်သစ်ကူး ကာလအတွက် မိန့်ခွန်းပြောကြားရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို ပေါက်ဖွားမယ့် ဥပဒေဖြစ်ဖို့လိုပြီး အခြေခံဥပဒေ ပြင်ဆင်ဖို့လုပ်တဲ့အခါ ပြည်သူလူထုကို ထိခိုက်စေတဲ့နည်းတွေ နိုင်ငံအေးချမ်းမှုကို ထိခိုက်စေတဲ့နည်းတွေ သုံးမှာမဟုတ်ဘူးလို့ ထည့်သွင်းပြောကြားသွားပါတယ်။ ပြည်သူကို မထိခိုက်စေတဲ့နည်းက ဘယ်လိုနည်းမျိုးလဲ လက်တွေ့မှာ ဘယ်လိုကျင့်သုံးမှာလဲဆိုတာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် လွှတ်တော်ရှေ့နေ ဉီးအောင်သိန်း ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင်နဲ့တကောင်း နိုင်ငံရေးလေ့လာမှုအဖွဲ့မှ အမှုဆောင်ဒါရိုက်တာကိုရဲမျိုးဟိန်းတို့ပါဝင်ဆွေးနွေးထားပါတယ်။