သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် - ကွမ်းစားမှုလျော့ကျရေး နားဆင်ပါ

ဓာတ်ပုံ မူပိုင် AP
Image caption ကွမ်းစားမှု လျော့ကျ ရေး အတွက် အထိ ရောက်ဆုံး ဘယ်လို လုပ်နိုင်မှာ ပါလဲ။

နားဆင်နိုင်ပါပြီ။ ကွမ်းစားတာနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်နဲ့ ကွမ်းစားမှု လျော့ကျရေး ဆောင်ရွက်တဲ့ အခါမှာ တချို့ ဒေသ အာဏာပိုင်တွေက ကွမ်းမရောင်းဖို့ ပိတ်ပင် တာမျိုး အထိ လုပ်ဆောင် လာတဲ့ အတွက်၊ အဲဒီလို မျိုး ဥပဒေ ကျော်လွန် လုပ်ဆောင် တာမျိုးနဲ့ လူထုကို အဓမ္မ အနိုင် မကျင့် ကြဖို့ အစိုးရ ကနေ ကြေညာချက် ထပ်မံ ထုတ်ပြန် ခဲ့ရ ပါတယ်။

ဒီတော့ ကွမ်းစားမှု လျော့ကျ ရေး အတွက် အထိ ရောက်ဆုံး ဘယ်လို လုပ်နိုင်မှာ ပါလဲ။ ဘာတွေ ဆောင်ရွက် သင့်တယ် လို့ ထင်ပါ သလဲ။ စတာတွေကို သောတရှင် တို့ ကိုယ်တိုင် ပါဝင် ဆွေးနွေးခဲ့ကြတာပါ။

သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ နိုင်ငံတကာ အဖွဲ့အစည်း တခုရဲ့ စီမံချက် မန်နေဂျာ ဒေါက်တာ နေထွန်းဇော် တို့ကနေ ပင်တိုင် ဝင်ရောက် ဆွေးနွေး ပေးခဲ့ပါတယ်။

ဝင်ရောက် ဆွေးနွေးခဲ့သူ အားလုံးကို အထူး ကျေးဇူး တင်ရှိပါတယ်။