dallas police
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒါးလက်စ်မြို့မှာ ရဲ၅ယောက် ပစ်သတ်ခံရ

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့မှာ ကြာသပတေးနေ့ညက ရဲ အရာရှိ ၅ ယောက် ပစ်သတ် ခံခဲ့ရပါတယ်။ လူမည်း အမျိုးသားတွေကို ရဲ တွေက ပစ်သတ်မှုကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီးအရပ်သား ၂ယောက်နဲ့ တခြားရဲအရာရှိ ၇ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို လူ၄ယောက်က ပူးပေါင်းကြံစည်လုပ်ဆောင်တာလို့ ရဲတွေက သံသယရှိထားကြပါတယ်။

သမ္မတအိုဘားမားကတော့ အခုဖြစ်ရပ်ဟာ ရက်ရက်စက်စက် တမင်တကာ ကြံရွယ်လုပ်ဆောင်တာဖြစ်ပြီး စက်ဆုပ်ဖွယ်ကောင်းတယ်လို့ ဆိုပါတယ်။ #

ကိုအောင်သွင်က ပြောပြထားပါတယ်။