japan
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဂျပန် ရွေးကောက်ပွဲ ညွန့်ပေါင်းတွေ အနိုင်ရ

ဂျပန် ရွေးကောက်ပွဲတွေမှာတော့ ညွန့်ပေါင်း အစိုးရ ဘက်က အကြီးအကျယ် အနိုင်ရသွားခဲ့ပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ဒုတိယ ကမ္ဘာစစ်ပြီးနောက် အမေရိကန် က ချပေးခဲ့တဲ့ ဂျပန်ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်ရေး အတွက် လမ်းဖြောင့်သွားစေခဲ့ပါတယ်။ မစ္စတာ အာဘေးက ဒေသတွင်းမှာ တရုတ်ရဲ့ သြဇာ ကြီးမားလာနေချိန်မှာ ဂျပန်ကိုစစ်ရေးမှာပိုပြီး တက်ကြွ လှုပ်ရှားမှုတွေ ရှိစေချင်နေတာ ဖြစ်ပါတယ်။