သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေး ကမ္ဘာ့အရေး

ဆန္ဒပြမှု ဆူပူအကြမ်းဖက် ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်း ကိုင်တွယ်ဆောင်ရွက် နိုင်အောင်အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟို ကော်မတီကိုမကြာမီက သမ္မတ အမိန့်နဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ဒီကော်မတီကို ဒုတိယသမ္မတက ဥက္ကဌ အဖြစ်ဆောင်ရွက်ပြီး ကာကွယ်ရေး ပြည်ထဲရေးစတဲ့ ဝန်ကြီးတွေ ပါဝင်ပါတယ်။

ဒီမိုကရေစီအသွင်းကူးပြောင်းချိန်မျိုးမှာ အရင်ခေတ်နဲ့မတူပဲ ပြည်သူကို ဗဟိုပြုတဲ့ ရဲလုပ်ငန်းစနစ် လည်းပေါ်ပေါက် လာပြီဖြစ်လို့ အခုလို ကော်မတီမျိုး လိုအပ်သလား မလိုအပ်ဘူးလားဆိုတာ နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဉီးဇော်ဌေး ဗကသများ အဖွဲ့ချုပ်မှ ကိုရဲရင့်ကျော် ပြည်သူ့လွှတ်တော် အမတ်ဟောင်း မြန်မာ့ နိုင်ငံရေးကို လေ့လာနေသူ ဉီးရဲထွန်းတို့ ပါဝင်ဆွေးနွေး ထားပါတယ်။