Mai Jar Yan conference
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေး ကမ္ဘာ့အရေး

မိုင်ဂျာယန်မှာပြုလုပ်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်တို့ရဲ့ မျက်နှာစုံညီ အစည်းအဝေးမှာ ပင်လုံညီလာခံ ကျင်းပဖို့ အကြိုညှိနှိုင်းရေးနဲ့ အနာဂတ် ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်လို့ နိုင်ငံရေးဘုံ သဘောထား ရပ်တည်ချက် ရရှိရေး တို့ပါဝင်ပါတယ်။ တိုင်းရင်းသားတွေ လိုလားတဲ့ ဖယ်ဒရယ် ပြည်ထောင်စုအတွက် အခြေခံမူတွေဟာ ၂၁ရာစုပင်လုံညီလာခံ အောင်မြင်ရေး အတွက် အမျိုးသား ညီညွတ်ပေါင်းစည်းရေးကို ဘယ်လို အထောက်အကူပြုမလဲ။

မိုင်ဂျာယန် အခြေစိုက် ဖယ်ဒရယ် ဥပဒေ အကယ်ဒမီ ကျောင်းအုပ်ကြီး ဉီးအောင်ထူး ညီနောင် တိုင်းရင်းသားများအဖွဲ့ကိုယ်စား အစည်းအဝေး တက်ရောက်တဲ့ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဉီးလှစော မိုင်ဂျာယန်ရောက် လေးဒီးဂျာနယ် အယ်ဒီတာ စိုင်းထွန်းအောင်လွင်တို့ ပါဝင်ဆွေးနွေးထားပါတယ်။