germany security
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အကြမ်းဖက်ဆန့်ကျင်ရေး အစီအစဉ်သစ် ဂျာမနီရေးဆွဲ

ဂျာမန်အစိုးရက အကြမ်းဖက်တိုက်ဖျက်ရေး အစီအစဉ်သစ်တခုကို အဆိုပြုခဲ့ပါတယ်။ ပြည်ပက အစွန်းရောက်အဖွဲ့တွေမှာ ဝင်ရောက်တိုက်ခိုက်နေကြတဲ့ ၂နိုင်ငံ နိုင်ငံသားခံယူထားကြတဲ့သူတွေဟာ ဂျာမန် နိုင်ငံသား အဖြစ်က စွန့်လွှတ်ရမှာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။

အိုင်အက်စ်တပ်တွေဟာ အကြမ်းဖက်သမားတွေကို ဒုက္ခသည်အယောင်ဆောင်ပြီး ဂျာမနီနိုင်ငံထဲကို စေလွှတ်နေတယ်လို့ ဂျာမန်အစိုးရက ယူဆထားတာဖြစ်ပါတယ်။ မရီရီအောင်က ပြောပြထားပါတယ်။