crimea border
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကရိုင်းမီးယားဒေသမှာ စစ်ရေးလေ့ကျင့်မှုတွေ စတင်

ရုရှားကဝင်ရောက်သိမ်းယူထားတဲ့ ကရိုင်းမီးယားဒေသမှာ စစ်ရေးလေ့ကျင့်မှုတွေစတင်နေပါတယ်။

တဖက်ရန်သူက ရေဒီယိုသတ္တိကြွပစ္စည်းတွေ၊ ဇီဝ နဲ့ ဓာတုဗေဒ လက်နက်တွေ နဲ့တိုက်ခိုက်လာရင် တုန့်ပြန်တဲ့ပုံစံနဲ့ရုရှက လေ့ကျင့်တာပါ။ သူတို့စစ်ရေးလေ့ကျင့်ပုံကို မထောက်လှမ်းနိုင်အောငလည်း ပုံဖျက်ဖုန်းကွယ်တာတွေလုပ်ထားပါတယ်။

တပ်လှန့်ထားပြီးဖြစ်တဲ့ ယူကရိန်းကိုအေးအေးဆေးဆေးရှိဖို့ ရုရှနိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ဗရော့ က ဒီလိုအချိန်မှာပဲ တိုက်တွန်းလိုက်ပါတယ်။ ကရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှတို့ လွန်ခဲ့တဲ့ ၂ နှစ် က သိမ်းယူထားပြီးချိန်ကတည်းက ဒီ ၂ နိုင်ငံကြား ဆက်ဆံရေးက တင်းမာနေခဲ့တာပါ။

အသေးစိတ် ကိုတော့ ကိုအောင်သွင်က ပြောပြမှာပါ။