u_aye_maung_gyi
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြူးနစ်အိုလံပစ်နဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း

ဘရာဇီး နိုင်ငံမှာ ကျင်းပနေတဲ့ ရီယိုအိုလံပစ် ပြိုင်ပွဲတွေမှာတော့ လာမယ့် စနေနေ့မှာ အမျိုးသား ဘောလုံးပြိုင်ပွဲမှာ အိမ်ရှင် ဘရာဇီးနဲ့ဂျာမနီတို့ ရွှေဆုကိုလုကြတော့မှာပါ။ ဒီလိုပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၄ နှစ်က ကျွန်တော်တို့ မြန်မာ့လက်ရွေးစင် အသင်းဟာလည်း အိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ အဲဒီတုန်းက လက်ရွေးစင်အသင်းမှာ ပါဝင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်နဲ့ အာရှလက်ရွေးစင်ဟောင်း ဦးအေးမောင်ကြီးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။