သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကူးလ်တက် - အကြီးဆုံး ဆက်သွယ်ရေး စလောင်း

Image caption အမေရိကန် အာကာသ လေ့လာ စူးစမ်းရေး အဖွဲ့ နာဆာက ပညာရှင် သုတေသီ ဦးပဒေသာတင်

နားဆင်နိုင်ပါပြီ။

အနန္တ စကြာဝဠာ တွင်းက လှိုင်းတွေကို ဖမ်းယူ လေ့လာ နိုင်မယ့် တရုတ် နိုင်ငံက ကမ္ဘာ့ အကြီးဆုံး ရေဒီယို တယ်လီစကုတ် ဆိုတဲ့ ဧရာမ စလောင်းကြီးရဲ့ နည်းပညာ အကြောင်း တင်ဆက် ပေးထား ပါတယ်။

အကျယ် မီတာ ၅၀၀ အနက် ကတော့ ၁၄၀ မီတာ ဘောလုံးကွင်း ၃၀ စာလောက် ရှိတဲ့ စလောင်းကြီးပါ။

ဒေါ်လာ သန်း ၁၈၀ အကုန် အကျ ခံပြီး ၅ နှစ်ကျော် ကြာ တည်ဆောက် ခဲ့တဲ့ ဒီ စလောင်းကြီးကို အခု ၂၀၁၆ နှစ် စက်တင်ဘာမှာ အပြီးသတ်မှာ ဖြစ်ပါ တယ်။

ဒီလောက်ကြီးမားလှတဲ့ စလောင်းကြီးကို ဘာကြောင့် တည်ဆောက် ရတာ ပါလဲ။ ဘာတွေကို လေ့လာ သိရှိ နိုင်ပြီး ကမ္ဘာကြီး အတွက် အနာဂတ်မှာ ဘာတွေ ကို ဆောင်ကျဉ်းပေး နိုင်မလဲ ဆိုတာ တင်ဆက် ပေးထားပါတယ်။

အမေရိကန် အာကာသ လေ့လာ စူးစမ်းရေး အဖွဲ့ နာဆာက ပညာရှင် သုတေသီ ဦးပဒေသာတင် ကိုယ်တိုင် ဘီဘီစီ စတူဒီယိုထဲ အထိ လာရောက် ရှင်းပြ ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ