Kofi Anan
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေး ကမ္ဘာ့အရေး

ရခိုင်ရေးရာ အကြံပေးကော်မရှင်မှာ ပြည်ပက ပညာရှင်အဆင့် ၃ဉီးပါဝင်နေတဲ့အပေါ် ပြည်သူ့လွှတ်တော်မှာ ရခိုင်အမျိုးသား ပါတီက ကန့်ကွက်ခဲ့ပါတယ်။

ရခိုင်အရေးဖြေရှင်းရာမှာ ကိုဖိအာနန်ခေါင်းဆောင်တဲ့အကြံပေးကော်မရှင် ဖွဲ့တဲ့အတွက် ပြည်တွင်းရေးကိစ္စကို နိုင်ငံတကာ ကိစ္စဖြစ်အောင်လုပ်တယ် ဆိုတဲ့ပြောဆိုမှုတွေ ပေါ်ထွက်လာပါတယ်။ ဒီတော့ ရခိုင်အရေး ကိစ္စကိုပြည်တွင်းရေး အနေနဲ့ ဖြေရှင်းသင့်သလား နိုင်ငံတကာက ပါဝင်ရောက် အကြံပြုသင့်ပါသလား။

ရခိုင်အမျိုးသားပါတီ မြောက်ဉီးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဉီးလှစော ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီဥက္ကဌ ဉီးကျော်မင်းနဲ့ အာရှလူ့အခွင့်ရေးကော်မရှင်မှ ရှေ့နေ ဉီးမင်းလွင်ဉီးတို့ပါ ဝင်ဆွေးနွေးထားပါတယ်။