သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကူးလ်တက် - အိုင်ဖုန်း ၇

ဓာတ်ပုံ မူပိုင် AP
Image caption အိုင်ဖုန်း ၆ ထက် အချက် ၁၀ ချက် အဆင့် မြင့် ထုတ်လုပ်ထား

နားဆင်နိုင်ပါပြီ။

မိုလ်ဘိုင်းဖုန်း လောကကို စမာ့ဖုန်း ခေတ်ဆီသို့ တခေတ်ပြောင်း တက်လှမ်း စေခဲ့တဲ့ ကမ္ဘာ ကျော် နည်းပညာ အက်ပဲလ် ကုမ္ပဏီ ကနေ စက်တင်ဘာ ၇ ရက်နေ့မှာ သူတို့ရဲ့ နောက်ဆုံး ထုတ် အိုင်ဖုန်း ၇ ကို မိတ်ဆက် ပေးလိုက် ပါပြီ။

အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမှာ ရှိတဲ့ Bill Graham Civic Auditorium ခန်းမကြီး ထဲမှာ အက်ပဲလ် အမှုဆောင် အရာရှိချုပ် တင်မ်ကွခ်က မိတ်ဆက်ပေး ခဲ့တာပါ။

အိုင်ဖုန်း ၇ ဟာ အက်ပဲလ် ထုတ်လုပ်ခဲ့ သမျှ အိုင်ဖုန်းတွေ ထဲမှာ အကောင်းဆုံး အမျိုးအစား ဖြစ်တယ်လို့ က တင်မ်ကွခ်က ပြောသွား ခဲ့ပါတယ်။

အရင် နောက်ဆုံး ထုတ်ခဲ့တဲ့ အိုင်ဖုန်း ၆၊ အိုင်ဖုန်း ၆ ပလက်စ် အမျိုး အစားနဲ့ အဓိက အားဖြင့် ၁၀ ခု အဆင့်မြင့် ထုတ်လုပ် ထားပါ တယ်တဲ့။ နားဆင်နိုင်ပါပြီ။

ဘီဘီစီ ပရိသတ် တွေ အနေနဲ့ ကိုယ် သိချင်တဲ့ နည်းပညာ အကြောင်းပဲ ဖြစ်ဖြစ်၊ ကိုယ်သိ ထားတဲ့ နည်းပညာ အကြောင်း တခုခုကို မျှဝေ ပြောကြား လိုရင် ပဲ ဖြစ်ဖြစ် ဘီဘီစီ မြန်မာပိုင်းကို ဆက်သွယ် ကြဖို့ ဖိတ်ခေါ် လိုက်ရ ပါတယ်။

ဆက်စပ် အကြောင်းအရာများ