သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် - အိမ်အကူ နဲ့ လူ့အခွင့်အရေးကော်မရှင်- နားဆင်ပါ

ဓာတ်ပုံ မူပိုင် AFP
Image caption ရာဇဝတ်မှု မြောက်တဲ့ ညှင်းပန်နှိပ်စက်မှု အတွက် နစ်နာကြေး ပေးလို့ ရပါသလား

နားဆင်နိုင်ပါပြီ။

အိမ်အကူတွေ နှိပ်စက်ခံရမှု နဲ့ ပတ်သက်ပြီး ကော်မရှင် ကြားဝင် စေ့စပ်မှု အကြောင်း ဆွေးနွေးခဲ့ကြ။

ရန်ကုန်မြို့ အင်း၀ အပ်ချုပ်ဆိုင် ပိုင်ရှင်တွေ ကနေ အိမ် အကူ မိန်းကလေးငယ် နှစ်ဦးကို လူမဆန်စွာ ညှင်းပန်း နှိပ်စက်မှုတွေ ပြုလုပ်ခဲ့ ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဘက် ကျေအေးဖို့ အတွက် မေတ္တာ ရှေ့ထားပြီး လူ့အခွင့်အရေး ရှုထောင့် ကနေ စေ့စပ် ဖြေရှင်း ပေးခဲ့တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့် အရေး ကော်မရှင်က ပြောပါတယ်။

ရာဇဝတ်မှု မြောက်တဲ့ အခုလို ညှင်းပန်နှိပ်စက်မှု အတွက် နစ်နာကြေး ပေး ကျေအေးဖို့ လူ့အခွင့် အရေး ကော်မရှင် ရဲ့ အခုလို ကြားဝင် ဆောင်ရွက်မှုဟာ မှန်ကန်တဲ့ ဖြေရှင်းနည်း ပါလား။ စတာတွေကို သောတရှင်တို့ ကိုယ်တိုင် ဝင်ရောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ပင်တိုင် ဆွေးနွေးခဲ့သူတွေကတော့ ပြည်ထောင်စု မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် နဲ့ လူ့အခွင့်အရေး ရှေ့နေ ဦးရောဘတ်စန်းအောင် တို့ ဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတာ မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာ ကလည်း ဝင်ရောက် ဆွေးနွေး ပေးခဲ့ပါတယ်။

ပါဝင် ဆွေးနွေးသူ အားလုံးကို အထူး ကျေးဇူး တင်ရှိသလို၊ အချိန် အတိုင်းအတာ ကြောင့် ပါဝင်ခွင့် မရလိုက်တဲ့ သူတွေ ကိုလည်း တောင်းပန် အပ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ