သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ် - လော်စပီကာ ဆူညံမှု - နားဆင်ပါ

ဓာတ်ပုံ မူပိုင် AFP
Image caption ရန်ကုန်မြို့ မှာ အလှူခံ ကအစ ဈေးသည်တွေ အဆုံး အသံချဲ့စက် တွေ အသုံးပြု နေကြ ပါတယ်

နားဆင်နိုင်ပါပြီ။

ရန်ကုန်မြို့ မှာ မနက်မိုးလင်း ကြက်တွန်တဲ့ အချိန်က စလို့ အလှူခံ ကအစ ဈေးသည်တွေ အဆုံး အသံချဲ့စက် တွေ အသုံးပြု နေကြ ပါတယ်။

ဒီလို အသုံးပြု တာတွေ များလာ နေတဲ့ အတွက် အများပြည်သူနဲ့ ပါတ်ဝန်းကျင် ကို ထိခိုက် လာနေတယ် ဆိုတဲ့ အကြောင်း ဆွေးနွေးခဲ့ကြတာပါ။

ဒါနဲ့ တဆက်တည်း ပြောရမယ် ဆိုရင်တော့ မန္တလေးမြို့မှာ မကြာသေးခင်က နိုင်ငံခြားသာ ခရီးသွား တယောက်က ဝတ်ရွတ်နေတဲ့ ဓမ္မာရုံထဲ ဝင်ပြီး အသံချဲ့ စက်ကို ဆွဲဖြုတ် လို့ ဖမ်းဆီး အရေးယူ ခံခဲ့ရ ပါတယ်။

ဒီတော့ အများ ပြည်သူကို အနှောက် အယှက် ဖြစ်တဲ့ အထိ အသံချဲ့စက် သုံးစွဲ တာကို ဘယ်လို ဖြေရှင်းသင့် ပါသလဲ ဆိုတာ သောတရှင်တို့ ကိုယ်တိုင် ပါဝင်ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ပင်တိုင် ဆွေးနွေး ခဲ့သူတွေ ကတော့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် လှိုင်မြို့နယ် ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး နဲ့ စာရေး ဆရာမ သွေးစစ်ကိုင်း တို့ ဖြစ်ကြ ပါတယ်။

ဒါ့အပြင် ကျန်းမာရေး ရှုထောင့်က နေပြီး နား နှာခေါင်း လည်ချောင်း အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဝင်းထိုက်ကြည် ကလည်း ပါဝင် ဆွေးနွေးပေး ထားပါတယ်။

ပါဝင်ဆွေးနွေးခဲ့သူ အားလုံးကို အထူး ကျေးဇူး တင်ရှိသလို၊ အချိန် အတိုင်းတာ ကြောင့် မပါဝင် လိုက်ရ သူတွေ ကိုလည်း တောင်းပန် အပ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ