columbia
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကိုလံဘီယာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လူထု ဆန္ဒခံယူပွဲက ပယ်ချ

ကိုလံဘီယာနိုင်ငံမှာ အစိုးရနဲ့ဖာ့က် သူပုန်တွေအကြားရခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လူထု ဆန္ဒခံယူပွဲက ပယ်ချခဲ့တာနဲ့ ပတ်သက်လို့ ဘယ်လို တုံ့ပြန်ဆောင်ရွက်ရမလဲဆိုတာ နိုင်ငံရေး ခေါင်းဆောင်တွေအဖြေရှာနေကြပါတယ်။

သမ္မတ ဟွမ် မန်ညူယဲလ် ဆန်းတို့စ်က ငြိမ်းချမ်းရေးအတွက် ဆက်လုပ်သွားမယ်၊ အပစ်ရပ်စဲမှုဆက်တည်မြဲနေမယ်လို့ ပြောပါတယ်။

ဒီသဘောတူညီချက်ကို လက်မခံဖို့ လှုပ်ရှားနေတဲ့သမ္မတဟောင်း အဲလ်ဗာရို အူရီဘေကတော့ အရင်က ပြစ်မှုကြီးတွေ ကျူးလွန်ခဲ့သူတွေကို လွှတ်ပေးလိုက်သလို ဖြစ်နေလို့ ဒီသဘောတူညီချက်ကို ပြန်ပြင်ဆင်ဖို့လိုတယ်လို့ပြောနေပါတယ်။

ကိုမင်းထက်က ပြောပြမှာပါ။