ဂရိ အကြွေးပြဿနာ တကမ္ဘာလုံးကို ရိုက်ခတ်

Image caption ဂရိ ဝန်ကြီးချုပ် ဂျော့ချ် ပါပန်ဒရီယို

ဂရိ နိုင်ငံရဲ့ ကြွေးမြီ ပြဿနာဟာ ဆိုးရွားလာနေတယ် ဆိုတဲ့ အရိပ်အယောင်တွေ ပေါ်ထွက် လာနေတာကြောင့် ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုက ဈေးကွက်မှာ အစုရှယ်ယာ ဈေးတွေ ကျသွားခဲ့ပြီး ဒီပြသနာဟာ တခြား နိုင်ငံတွေကိုလည်း ပျံနှံ သွားခဲ့ပါတယ်။

နိုင်ငံတကာ ကြွေးမြီအဆင့် သတ်မှတ်ရေး အဖွဲ့ကြီးဖြစ်တဲ့ Standard and Poor's က ဂရိ ရဲ့ငွေချေးစာချုပ် Bond တွေရဲ့ အခြေအနေကို junk လို့ အဆင့်လျော့ သတ်မှတ် လိုက်ပြီးတဲ့နောက် နယူးယောက် ၊ လန်ဒန် ၊ ဖရန့်ဖတ်နဲ့ ပဲရစ်မြို့တွေမှာ အစုရှယ်ယာ ဈေးတွေ ၂ ရာခိုင်နှုန်း လောက် ကျဆင်းသွားခဲ့ပါတယ်။

ဆိုလိုတာကတော့ ဂရိဟာ ကြွေးမြီတွေကို ပြန်ဆပ်နိုင်အား နည်းသွားပြီလို့ သတ်မှတ် လိုက်တာဘဲ ဖြစ်ပါတယ်။

တချိန်တည်း ဆိုသလို ဂရိနိုင်ငံမှာ ဆန္ဒပြသူတွေက သူတို့နိုင်ငံက နိုင်ငံခြား တိုင်းပြည်တွေ အပေါ်တင်ရှိနေတဲ့ အကြွေးတွေကို ပြန်မဆပ်ဖို့ အစိုးရကို တောင်းဆို နေပါတယ်။

အဲဒီအခါ အခုရင်ဆိုင်နေရတဲ့ ပြသနာတွေကို သူတို့ကိုယ်တိုင် တွေ့ကြုံရမယ့် အစား နိုင်ငံခြား ဘဏ်တွေက ဒီဆိုးကျိုးတွေကို ခံစားစေတဲ့ သဘောဖြစ်ပါတယ်။

အခုလို အခြေအနေ အချိန်ခါမှာ တိုင်းပြည် ပြန်လည်ထူထောင်ဖို့ ဘာဘဲဖြစ်ဖြစ် လုပ်ရမှာ ဖြစ်ပြီး ဒါမှသာ ပြည်သူလူထုက လုံခြုံစိတ်ချမှု ခံစားရကာ ဂရိ နိုင်ငံသား အဖြစ် ရပ်တည်ရတာကို ဂုဏ်ယူနိုင်မှာ ဖြစ်တယ်လို့ ဂရိ ဝန်ကြီးချုပ် က ဆိုပါတယ်။