မက္ကဆီကိုကွေ့ ရေနံ ယိုစိမ့်မှု မရပ်သေး

Obama
Image caption ရေနံယိုဖိတ်မှု မရပ်သေးလို့ စိတ်ပျက်နေတဲ့ သမ္မတ အိုဘားမား

ပြီးခဲ့တဲ့ လကတည်းက မက္ကဆီကို ပင်လယ်ကွေ့က ရေနံယိုစိမ့်မှုဟာ အခုထိ မရပ်သေးတာကြောင့် သူ့အနေနဲ့ အလွန်အမင်း စိတ်ပျက်မိကြောင်း သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။

ဒီရေနံယိုဖိတ်မှု ရပ်တန့်သွားအောင် ကြိုးစားနေတဲ့ ကုမ္ပဏီသုံးခုကို အမေရိကန် အထက်လွှတ်တော်မှာ အမတ်တွေက ဖြစ်ပျက်မှုနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ ပြီးတဲ့နောက် အခုလို သမ္မတရဲ့ ပြောကြားချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ရေနံယိုစိမ့်ထွက်နေမှုကို မဖြေရှင်းနိုင်တဲ့အပေါ် တူးဖော်ရေးနဲ့ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးတွေ အတွက် လုပ်ငန်း ကန်ထရိုက်တာ ထရန်စ် အိုးရှင်းမှာ တာဝန်ရှိတယ်လို့ အမေရိကန်ပြည်ထောင်စုက ဘီပီ ကုမ္ပဏီ အကြီးအကဲ Lamar McKay လေးမာ မက်ကေးက ဆိုပါတယ်။

တခါ နည်းပညာနဲ့ ဝန်ဆောင်မှု ပေးတဲ့ နောက်ကုမ္ပဏီတခုဖြစ်တဲ့ Haliburton ကို တရန်စ် အိုရှင်းကလည်း ပြန်ပြီး အပြစ်ပုံချနေပါတယ်။