ပေျာက်နေတဲ့ အီရန် နျူကလီးယား ပညာရှင် ပြန်ပေါ်လာ

sharam amiri_iran
Image caption ပုံပြင်ဆန်ဆန် ပေျာက်ဆုံးခဲ့တဲ့ အီရန်ပညာရှင်

ပျောက်ဆုံး သွားခဲ့တဲ့ အီရန်နျူကလီးယား သိပ္ပံ ပညာရှင် ရှာရမ် အမီရီ နဲ့ ပတ်သက်ပြီး တီဟီရန် နဲ့ ဝါရှင်တန် အကြား သံတမန် ရေးဆိုင်ရာ အငြင်းပွား နေ ကြစဉ်မှာ ပေျာက်ဆုံး နေတဲ့ ပညာရှင် ဟာ ဝါရှင်တန် က ပါကစ္စတန် သံရုံးတွင်း မှာ ရောက်ရှိ ခိုလှုံ နေပြီ ဖြစ်ပါတယ်။

ပါကစ္စတန် နိုင်ငံခြားရေးဌာန က ပြောခွင့်ရ ပုဂ္ဂိုလ် အဗ္ဗဒူ ဘာဆစ် က အမေရိကန် မှာ ရှိတဲ့ သူတို့ သံရုံး က အီရန် ရေးရာဆိုင်ရာ ကိုယ်စားလည် က မစ္စတာ အမီရီ ရောက်ရှိ နေကြာင်း သူတို့ ကို ပြောတယ် လို့ ဆိုပါတယ်။

မစ္စတာ အမီရီ က အီရန် ကို ချက်ချင်း ပြန်ပို့ ပေးဖို့ တောင်းဆို ကြောင်း လည်း သတင်း ထွက်လာ ပါတယ်။

ပြီးခဲ့တဲ့ ဇွန် လ ပိုင်း က မစ္စတာ အမီရီ ဆော်ဒီ အာရေးဗီးယား နိုင်ငံ မှာ ဘုရားဖူး ခရီးစဉ် သွားနေတုန်း ပျောက်ဆုံး သွားခဲ့ပါတယ်။

သူ့ ကို အမေရိကန် စီအိုင်အေ က ပြန်ပေးဆွဲ ပြီး ဖမ်းဆီးခေါ်ဆောင် သွားတာ လို့ အီရန် ဖက် က စွပ်စွဲခဲ့ ပါတယ်။

အမေရိကန် တို့ကတော့ ဒီကိစ္စဟာ သူတို့နဲ့ ဘာမှ မပတ်သက်ဘူး လို့ တောက်လျှောက် ငြင်းဆန် နေ ခဲ့ပါတယ်။

ရှာရမ် အမီရီ ဟာ အီရန်နိုင်ငံ တီဟရန် က တက္ကသိုလ် တခုမှာ သုတေသနမှူး လုပ်ခဲ့သူ တယောက်ပါ။

ဒါပေမယ့် သူဟာ အီရန် နျူကလီးယား စီမံကိန်းကြီးရဲ့ နောက်ကွယ် မှာ ပါဝင် ပတ်သက် နေတဲ့ ထိပ်တန်း သိပ္ပံပညာရှင် တယောက် လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါကိုလည်း ဘယ်သူမှတော့ အတည်မပြု နိုင်ကြပါဘူး။

အီရန် သိပ္ပံပညာရှင်ရဲ့ သတင်းဟာ ပုံပြင် ဆန်ဆန် ပဟေဠိ တပုဒ် ဖြစ်နေခဲ့ရာ ကနေ အခုတော့ သိပ္ပံပညာရှင် ရှာရမ် ဟာ အဖမ်းခံထားရာကနေ လွတ်လာပြီး ဝါရှင်တန် က ပါကစ္စတန် သံရုံးထဲကို ခိုလှုံ လာတယ် ဆိုတော့ အတော် လှုပ်လှုပ် ရှားရှား ဖြစ်သါားတဲ့ သတင်း တခုဖြစ်နေပါတယ်။

ဒီကိစ္စကြောင့် နဂိုရ် ကတည်းက ခါးသည်းခဲ့တဲ့ အီရန် အမေရိကန် ဆက်ဆံရေး ဟာ တဆင့်တိုးပြီး တင်းမာ လာမှာတော့ အမှန်ပဲ လို့ လည်း သုံးသပ်နေကြပါတယ်။