ရေနံတွင်းဝ အဖုံး ခိုင်မခိုင် BP စမ်းသပ်မယ်

BP
Image caption ဒီစမ်းသပ်မှုဟာ အရေးပါတဲ့ စမ်းသပ်မှုဖြစ်

မက္ကဆီကို ပင်လယ်ကွေ့မှာ ရေနံတွေ ယိုဖိတ်နေတဲ့ ရေနံတွင်းရဲ့ အဝက အဖုံးဟာ ဖိအားဒဏ် ခံနိုင် မခံနိုင် ဆိုတာကို စမ်းသပ်မဲ့ အရေးပါတဲ့ စမ်းသပ်မှု တခုကို BP ရေနံ ကုမ္ပဏီက စတင် ပြုလုပ်တော့ မှာပါ။

ရေနံ ယိုဖိတ်နေတဲ့ ရေနံတွင်းဝကို ဘယ်လို ရာသက်ပန် ပိတ်ဆို့ ထားနိုင်မလဲ ဆိုတဲ့ သတင်း အချက်အလက်တွေ ရနိုင်မယ်လို့ ယူဆရတဲ့ ဒီစမ်းသပ်မှုကို အမေရိကန် စံတော်ချိန် ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ စတင်ဖို့ လုပ်ထားပြီး ၄၈ နာရီလောက် ကြာနိုင်ဘွယ် ရှိပါတယ်။

အစောပိုင်းတုန်းကတော့ ဒီနည်းကို ကျွမ်းကျင်သူတွေ ပြန်သုံးသပ်နိုင်အောင် ဆိုပြီး ဒီစမ်းသပ်မှုကို ဆိုင်းငံ့ထားခဲ့တာပါ။

ဒီစမ်းသပ်မှုကြောင့် အကောင်းထက် အဆိုးကို ပို ဖြစ်နိုင်တယ်ဆိုပြီး သိပ္ပံ ပညာရှင်တွေနဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေက စိုးရိမ်ခဲ့ကြပါတယ်။

အခု စမ်းသပ်မှုအတွင်း ရေနံတွင်းထဲက ရေနံတွေရဲ့ ဖိအားကို BP ကုမ္ပဏီက စောင့်ကြည့် လေ့လာမှာ ဖြစ်ပါတယ်။

အနီးအနားမှာ ရေနံတွေ လွှဲထုတ်ပေးမဲ့ ရေနံတွင်းတွေ သြဂုတ်လမှာမှ အဆင်သင့်ဖြစ်မှာမို့ ရေနံ ယိုဖိတ်မှုကို အဲဒီအချိန် မတိုင်ခင် အဖုံးနဲ့ တားဆီးထားဖို့ လုပ်နေတာ ဖြစ်ပါတယ်။

ရေနံတွင်း ပေါက်ကွဲခဲ့တဲ့ ဧပြီလကတည်းက ရေနံတွေ ယိုဖိတ်နေတာဖြစ်ပြီး ရေနံတွင်း ပေါက်ကွဲမှုကြောင့် လူ၁၀ဦး သေဆုံးခဲ့ပါတယ်။