တရားမဝင်သစ်ခုတ်မှု သိသိသာသာ ကျဆင်း

ကမ္ဘာတဝန်းမှာ တင်းကြပ်တဲ့ ဥပဒေတွေကြောင့် အပူပိုင်းဒေသ သစ်တောတွေမှာ တရားမဝင် သစ်ခုတ်လှဲမှုတွေ သိသိသာသာကြီးကို လျော့ကျသွားတယ်လို့ လေ့လာချက် တစ်ခုက ဆိုပါတယ်။

Image caption တရုတ်ပြည်ကို တရားမဝင် တင်ပို့ ခဲ့တဲ့ မြန်မာ သစ်များ

သစ်ပင်တွေ ရှိတဲ့ ဒေသတွေဟာ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့ ထုတ်လွှတ်မှု လျော့ကျ စေဖို့ ပံ့ပိုးပေးတဲ့ အပြင် သန်းနဲ့ချီတဲ့ လူသားတွေအသက်ရှင် နေထိုင်မှုကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။

ဗြိတိန် နိုင်ငံက တတ်သိပညာရှင်များ အဖွဲ့ ဖြစ်တဲ့ Chatham House ရဲ့ လေ့လာချက်က သစ်တောဖုံးလွှမ်းမှု များတဲ့ တချို့ နိုင်ငံတွေမှာ သိသိသာသာ တိုးတက်မှုရှိတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ရှစ်နှစ် အတွင်း ကမ္ဘာမှာ တရားမဝင် သစ်ထုတ်လုပ်မှု (၂၂) ရာခိုင်နှုန်း လျော့ကျသွားတယ်လို့လည်း ပြောပါတယ်။ ဆယ်စုနှစ် အတွင်း အင်ဒိုနီးရှား နိုင်ငံမှာ တရညားမဝင် သစ်ခုတ်လှဲမှု ၇၅ ရာခိုင်နျုန်း လျော့ကျသွားတယ်၊ ကမ်မရွန်း နိုင်ငံမှာ တော့ ၅၀ ရာခိုင်နှုန်း ကျဆင်းပြီး ဘရာဇီးလ် နိုင်ငံမှာတော့ အဲဒီနှစ်နိုင်ငံရဲ့ ကြားမှာ ရှိတယ်လို့ Chatham House ရဲ့ လေ့လာချက်က ပြောပါတယ်။

တခြား သုတေသန အဖွဲ့ တစ်ခု ဖြစ်တဲ့ CIFOR သစ်တောရေးရာ လေ့လာ သုံးသပ်တဲ့ အဖွဲ့ကတော့ အင်ဒိုနီးရှားနဲ့ ပတ်သက်ပြီး ထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းတွေက သိပ်များ လွန်းနေတယ်လို့ ပြောပါတယ်။