ဘီပီကရေနံအဖုံးစွပ်ကိုစောင့်ကြည့်မယ်

bp
Image caption ရေနံတွေမယိုအောင်ပိတ်နိုင်ခဲ့ပြီ

မက္ကဆီကို ပင်လယ်ကွေ့က ပေါက်ကွဲပျက်ဆီးခဲ့တဲ့ ရေနံတွင်းတူးစင်က ရေနံယိုဖိတ်မှုကြီးကို ရပ်တန့်သွားအောင် ပိတ်ထားတဲ့ အဖုံးစွပ်ကို ဆက်လက်ပြီး မပြတ်စောင့်ကြည့်သွားမယ်လို့ ဘီပီက ပြောပါတယ်။

အစောပိုင်းကတေါ့ ဘီပီရဲ့ ဒုတိယ ဥက္ကဌ ကင့်ဝဲလ်စ်က ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုအချိန်အထိတော့ ယိုထွက်တာမျိုးတွေမရှိသေးဘူးလို့ သူယုံကြည်မှုရှိနေတဲ့အကြောင်းကို ထိန်းထိန်းသိမ်းသိမ်းပြောသွားခဲ့ပါတယ်။

လောလောဆယ်မှာ ဒီအဖုံးစွပ် ရေနံတွေဆက်ပြီးမယိုထွက်နိုင်အောင်ပိတ်ထားနိုင်သလားဆိုတာသိရဖို့ စစ်ဆေးမှုတွေကိုလုပ်နေကြပါတယ်။

ဒီလိုအဖုံးစွပ်နဲ့ ပိတ်လိုက်လို့ အထဲမှာရှိနေတဲ့ ရေနံတွေ တနေရာရာမှာ ပေါက်ထွက်လာနိုင်တယ်ဆိုပြီးထင်မြင်နေကြပါတယ်။